Wednesday, November 16, 2016

Major Choosing over Jobs and Careers Part 1

၂၀၁၆ ခုနှစ် ကုန်ဆုံးတော့မှာပါ။Information Week ရဲ့ စစ်တမ်းအရ ဒီနှစ်ရဲ့ အကောင်းဆုံး Career ၁၀ ခုရဲ့ Path တွေကို ကျွန်တော်တို့ CU ( Pyay ) ကကျောင်းသူ ကျောင်းသားတွေ Major ခွဲတဲ့နေရာမှာ သုံးနိုင်ဖို့ ကျွန်တော်ဒီဆောင်းပါးဆန်ဆန် ၁ ခု ရေးထားပါတယ်။ တချို့နေရာတွေကတော့ အမှန်လို့စိတ်ထဲကသေချာပေမယ့် တချို့ကတော့ ဂူးဂယ်ထားတာမို့ မှားကောင်း မှားပါလိမ့်မယ်။ ဒါပေမယ့် ၁ ခုခု အမှားအယွင်းရှိရင် အကြံပေးဖို့ပါတောင်းဆိုပါတယ်။

UI UX Developers / Designers

UI UX ဆိုတာကတော့ Android နဲ့ iOS တို့က အစပြုပြီး Mobile Device တွေရဲ့ Platform ဖြစ်လာပြီးနောက်မှာတော့ အလုပ်အကိုင် အခွင့်အလမ်း တော်တော်လေးကို များပြားလာပါတယ်။ ဒါပေမယ့် အနုပညာဆန်တဲ့ အလုပ် ၁ ခု ဖြစ်တာနဲ့ အညီ ကိုယ့်ရဲ့ နာမည် ၁ ခု ပေါက်လာဖို့တော့ ရုန်းကန်ရမှာပါ။ ဒီလိုင်းနဲ့နီးစပ်တာကတော့ CS မေဂျာလို့ကျွန်တော်မြင်ပါတယ်။ အဓီက ကတော့ Application သို့ Software ရဲ့ User Interface ကို အလှပဆုံးနဲ့ သုံးရအလွယ်ကူဆုံးဖြစ်အောင်ရေးဆွဲပေးရမှာ လို့ပဲ မှတ်ထားပေးပါ၊

Full Stack Developers

အသုံးသိပ်မများတဲ့ စကားလုံးဖြစ်ပါတယ်။ တော်တော်လေးကို စိမ်းပါတယ်။ ကျွန်တော် ဂူးဂယ် ကြည့်တော့ ဘာသာပြန်ရတာတော်တော်ရှည်တယ်ဗျ။ အတိုချုံ့ပြောရရင် Facebook ကအရင် စ ခေါ်တဲ့ အလုပ်ဗျ။ စွယ်စုံရတဲ့လူတွေကိုခေါ်တာဗျ။ Business, Hardware, Database , Cloud, Programming အစုံဗျာ ထူးချွန်နေမှဖြစ်မှာ။ လစာတော့တော်တော်ကောင်းဆိုပဲ စွယ်စုံဆိုတော့ cs , ct ဘယ်လိုခွဲရပါ့။

Network Engineers

မြန်မာနိုင်ငံမှာလောလောဆယ် စိတ်ဝင်စားမှု့အများဆုံး လိုင်းလို့မြင်ပါတယ်။ CCPA , CCNA စတဲ့အခြေခံကနေပြီးတော့ Architecture အနေအထားထိသွားနိုင်ရင်တော့ ဆရာ ၁ ဆူ ဖြစ်ပါပြီ။ ကြားဖူးတာကတော့ Architecture အဆင့်က ပြည်တွင်းမှာ လက်ချိုးရေလို့တောင်ရတယ်ဆိုတာပါ။ CT ယူပြီး သေသေချာချာ ကြိုးစားမယ်ဆိုရင် CCNA , CCPA ရဖို့ထူးထူးခြားခြားသင်တန်းတက်စရာမလိုတော့ဘူးဆိုတာ ပြောနိုင်ပါတယ်။


Security / Cypher Security Professional

Hacker တွေ တအားကို ဖုန်ထ နေပါတယ်။ ဗီလိန် Hacker တွေကို ရပ်နိုင်စွမ်းတှဲ့ဇာတ်လိုက် လုပ်ဖို့စဉ်းစားထားတယ်ဆိုရင်တော့ CT ယူတာ အဆင်ပြေမယ်လို့ထင်ပါတယ်။ (CS ကလဲကောင်းပါတယ် ဒါပေမယ့် Computer Architecture သေသေချာချာသင်ရတဲ့ CT ကိုတော့ ကျွန်တော့် အမြင်အရညွှန်းချင်ပါတယ်။
ကိုယ်တကယ် ၀ါသနာပါတာကို လုပ်မယ်ဆိုရင် အလုပ်လုပ်နေရတာလို့ခံစားရမှာမဟုတ်ပါဘူး။ 

Mobile Engineers ( iOS and Android Dev)

ဒီ Field မှာတော့ အမျိုးအစား ၄ မျိုးလောက်အထိလောလောဆယ်ကွဲပါတယ်။ Mobile Hardware Engineer လဲဖြစ်နိုင်သလို Mobile Software Engineer လဲဖြစ်နိုင်ပါတယ်။ Android လဲ ဖြစ်နိုင် သလို iOS  ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Java က အခြေခံပါပဲ။ Software ကိုခေါင်းတည်ရင် CS ပါ။ Hardware ဆိုရင် CT ပါ။

Business Analytics

Computer တင်မဟုတ်ပါဘူး ဘယ်လို Business မှာပဲဖြစ်ဖြစ် Analytics လိုပါတယ်။ ဈေးကွက်ကို ဘယ်လိုထိုးဖောက်မယ်။ ဘယ်ကငွေဝင်အောင်လုပ်မယ် ဆိုတာမျိုးတွေကို လေ့လာချင်ရင်တော့ သေချာပေါက်  CS ပါပဲ။

IT projects Manager 

ဒီအလုပ်ကိုတော့ Management စိတ်ဝင်စားပြီး Leadership ပိုင်နိုင်တဲ့လူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ပြည်တွင်းမှာတော့ ကျွန်တော်မပြောတတ်ပေမယ့် အနောက်နိုင်ငံတွေမှာ တာဝန်ယူမူ့ကြီးကြီးနဲ့ လစာကောင်းကောင်းအလုပ်လို့သိထားပါတယ်။ CT CS သေချာမခွဲပေးနိုင်ပါဘူး ။ နည်းပညာ ၁ ခု ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အပြင်ဗဟုသုတ ကြွယ်ဝအောင်လုပ်ထားကြရုံပါပဲ။

Cloud Architect Integration

Cloud Architect ဆိုကတည်းက XML , J2EE ဆိုတဲ့ အပိုင်းတွေကို ပိုင်နိုင်ရပါမယ်။ CS ပါ။

Data Scientists

စိတ်ဝင်စားဖို့ကောင်းပါတယ်။ Database System တွေကိုပိုင်နိုင်ရပါမယ်။ နောက်ပြီး Data တွေကို Analysics လုပ်ပြီး လေ့လာရမယ့် သဘောပါပဲ။ CT CS မရွေးပါဘူး။

CMS (Content Management System )CMS ဆိုတာက ကျွန်တော်နားလည်သလောက်တော့ အက္ခရာစဉ်တဲ့ သဘောပါပဲ။ Data တွေကို သူ့ရဲ့ Detail အတိအကျနဲ့ ဘယ် Data က ပို အရေးကြီးမလဲ စဉ်ရတဲ့ သဘောတရားပါပဲ။